Friday, December 27, 2013

သီချင်း

ဆယ်တန်းနှစ်က ကျမရဲ့ အချစ်ဆုံး မိန်းကလေး သူငယ်ချင်း တစ်ယောက်နဲ့ လွန်ခဲ့တဲ့ တစ်နှစ်လောက်က ပြန်တွေ့တော့ သူကကျမကို မေးတယ် .........သူမေးတဲ့မေးခွန်းလေးက ------->နင်ယောက်ကျားမယူဘဲ ဘာလုပ်နေတာလဲတဲ့ လူဆိုတာသီးချိန်တန်သီးပြီး ပွင့်ချိန်တန်ပွင့်ရတယ်တဲ့လေ သူကတော့ ဆယ်တန်းဖြေပြီးတည်းက အိမ်ထောင်ပြုသွားတာဆိုတော့လေ အောင်စာရင်းထွက်တော့ သူလည်းအောင်တယ်လေ အဝေးသင် ဆက်တက်ရင်းဘွဲ့ရသွားပါတယ် 
သူ့အမျိုးသားက YIT ကျောင်းဆင် B.E (Mec) လေ အခုသားလေးနှစ်ယောက်မွေးထားတယ် အကြီးလေးကစာအရမ်းတော်တယ် (4)တန်းတော...

မေမေ (၂)

ကျနော်က ကြောင်ကိုချစ်ပါသည်။
မေမေ ကျနော်ကြောင်မွေးချင်သည်ဟု ပြောရာ
မေမေက မမွေးရပြောသည်
ကြောင်မွှေးရှုမိလျှင် ရောဂါရတတ်သည်ဟု ပြောသည်။

ထိုအခါ ကျနော်က ကြောင်ကလေးဆိုပါလျှင်
မေမေ မမွှေးပါလောဟု မေးရာ
မေမေက ပြုံးပါသည်။ ကျနော်ပျော်သွားပါပြီ
ကြောင်မွှေးရန် သတိမရတော့။

ကျနော်က ခွေးကိုလည်းချစ်ပါသည်။
မေမေ ကျနော်ခွေးမွေးချင်သည်ဟု ပြောရာ
မေမေက မမွေးရပြောသည်
ခွေးအူသံသည် ကျက်သရေမရှိဟု ပြောပါသည်။

ထိုအခါ ကျနော်က ခွေးကလေးဆိုပါလျှင်
ကျနော်အသံသည် ကျက်သရေမရှိလောမေးရာ
မေမေက ပြုံးပါသည်။ ကျနော်ပျော်သွားပါပြီ
ခွေးမွေးရန်လည်း သတိမရတော့။